Shan State - 89.8MHz Yangon - 89.3MHz Mandalay & Sagaing Division - 92.2MHz Kayar State - 89.5MHz Bagan Nyaung Oo, Magway Division - 83.1MHz Nay Pyay Taw - 82.5MHz Ayeyarwady Division - 91.3MHz Mon & Kayin State- 88.3MHz

မြင့်ဟိန်း (မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ(၅)ရက်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ၂ဝ၁၆ ဆူဇူကီးဖလားသို့ ဗိုလ်လုပွဲတက်ရောက်ရန် အခွင့်အရေးများရှိနေ ဆဲဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ကပြောကြားလိုက်သည်။

အိမ်ကွင်းတွင် ထိုင်းအသင်းနှင့် ဒီဇင်ဘာ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂ဝ၁၆ ဆူဇူကီးဖလားဆီမီးဖိုင်နယ်၊ ပထမအကျော့ပွဲစဉ်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ဂတ်ဖရိုင်းဒရစ်ကယခုလိုပြောခဲ့ခြင်းဖြစ်သည်။

“အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာဟာ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်သွားစေတာအမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အရေးမရှိတော့တာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကြိုးစားပိုင်ခွင့်ရှိပါသေး တယ်။ ဒိုင်လူ ကြီးရဲ့ ပွဲသိမ်းခရာမမှုတ်မချင်း ကြိုးစားခွင့်ရှိပါသေးတယ်။”ဟု မြန်မာ့လက်ရွေးစင် ဘောလုံး အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ထိုင်းလက်ရွေးစင်ဘောလုံးအသင်းကို ခြေစွမ်းပိုင်းအရ ယှဉ်ပြိုင် က စားနိုင်ခဲ့သော်လည်း ထိုင်းအသင်း၏ တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

“အဝေးကွင်းမှာ နှစ်ဂိုးပြတ်နိုင်ပြီဆိုပေမယ့် ဗိုလ်လုပွဲတက်ပြီလို့ သေချာပြောလို့မရသေးပါဘူး။ အိမ်ကွင်းပွဲစဉ်မှာ  လည်း အမာခံကစားသမားတွေကို ဆက်လက်အသုံးပြုသွားမှာပါ။ မြန်မာပရိသတ်ရဲ့အားပေးပုံကြောင့် ကျွန် တော်တို့အနေနဲ့ ဖိအားအနည်းငယ်တော့ရှိခဲ့ပါတယ်။”ဟု ထိုင်းလက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ကိုင်တီဆတ်ကပြောသည်။

၂ဝ၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်များတွင် ထိုင်းနှင့် ဗီ ယက်နမ်နိုင်ငံများ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ဒီဇင်ဘာ ၅ ရက်၊ ညနေပိုင်း တွင် ထိုင်းနိုင်ငံသို့ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Credit>>>Shwe Myintmakha Media Group

Posted Date : 06-12-2016