အမျိုးသား သွေးလှူဘဏ်တွင် သွေးလှူဒါန်း

15 Aug 2022

CHERRY FM ကို ချစ်ခင်အားပေးတဲ့ အနယ်အနယ်အရပ်ရပ်ကပရိသတ်များ ဖွဲ့စည်းထားတဲ့ "ကူညီဖေးမ လက်ကမ်းမယ့် ချယ်ရီချစ်သူများ ပရဟိတအဖွဲ့" မှ CHERRY FM 13 နှစ်ပြည့် အမှတ်တရ အနေနဲ့ 15.8.2022 မှာ ကျရောက်တဲ့ Cherry Fm ထုတ်လွှင့်ခြင်း ၁၃နှစ်ပြည့် ကို ဝမ်းမြောက်စွာ ဂုဏ်ပြုလျှက် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်းရှိ အမျိုးသား သွေးလှူဘဏ်တွင် သွေးလှူဒါန်း ခဲ့ပါတယ်။ ချယ်ရီချစ်သူများပရဟိတအဖွဲ့ နှင့်အတူ Cherry Fm ချစ်သူများ Viber group အဖွဲ့ မှ အဖွဲ့ဝင်များ Cherry FM ၏ တင်ဆက်သူများ ကပါ ဒါနဥပပါရမီ အဖြစ် စုပေါင်းလှူဒါန်းခဲ့ကြပြီး အာဟာရ ဒါန များလဲ ပြုလုပ်ခဲ့ကြပါတယ် ချယ်ရီကို ချစ်တဲ့ပရိသတ်များရဲ့ ခွန်းအားများနဲ့အတူအသစ်သစ်သောဖန်တီးမှုများကိုဖန်တီးရင်း ၁၃ နှစ်မှသည် နောက်နှစ်များစွာတိုင်အောင် ခရီးဆက်လှမ်းသွားမှာ ဖြစ်ပါတယ်......