CHERRY FM ရဲ့ 11 နှစ်ပြည့်မွေးနေ့ပွဲ

15 Dec 2020

CHERRY FM ရဲ့ 11 နှစ်ပြည့်မွေးနေ့ပွဲကို ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ က CHERRY FM Radio နဲ့ Official Facebook Page တို့မှာ ညနေ ၅ နာရီ ကနေ ၇ နာရီ အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ် နှစ်စဉ် နှစ်တိုင်း မွေးရပ်မြေ တောင်ကြီး ကို အရောက်ပြန်ပြီး ပရိသတ်တွေနဲ့ အတူ မွေးနေ့ပွဲကို ပျော်ရွှင်စွာ ကျင်းပကြပေမယ့် ၂၀၂၀ ခုနှစ်မှာ ကျရောက်တဲ့ 11 နှစ်ပြည့်မွေးနေ့ပွဲကို ကမ္ဘာတဝှမ်း ဖြစ်ပွားခဲ့တဲ့ Covid -19 ရောဂါတွေကြောင့် Official Facebook Page မှာ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ် အနယ်နယ်အရပ်ရပ်က CHERRY FM  ရဲ့ ပရိသတ်များစွာ ဖျော်ဖြေတင်ဆက်မှုတွေ နဲ့ Game အစီအစဉ်တွေမှာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်ဒါ့အပြင် ချယ်ရီ ၁၁ နှစ်ပြည့်မွေးနေ့ကို Video တွေ ၊ စာတွေနဲ့ ဆုတောင်းစကားပေးပို့လာတဲ့ ချယ်ရီပရိသတ်တွေ အများကြီးရှိပါတယ်။

11 နှစ်ပြည့်မွေးနေ့ပွဲ မှာ ဖျော်ဖြေတင်ဆက်မှုတွေ အနေနဲ့ တေးသံရှင်များဖြစ်ကြတဲ့ ဟန်ထွန်း ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ကျားပေါက် ၊ စိုင်းလိတ် ၊ Ah Boy ၊ ဘန်နီဖြိုး ၊ Shine ၊ ပိုပိုဟေသာ ၊ ချမ်းမြေ့မောင်ချို တို့ရဲ့ တင်ဆက်မှု တွေနဲ့ အတူ ချယ်ရီ FM ၏ အစီအစဉ်များကို ပရိသတ်တွေ နဲ့ အတူ တိုက်ရိုက် တင်ဆက်ပေးခဲ့ပါတယ် CHERRY FM  ရဲ့ ၁၁ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် CHERRY FM ကို ၁၁ နှင့်ပတ်သက်သောအကြောင်းအရာပေးပို့လာသူများထဲမှ လက်ဆောင်ရရှိသူ အယောက် (၁၁၀) ကို လက်ဆောင်ပေးဖို့ သီးသန့် အကန့်အသတ်ဖြင့် ထုတ်ထားတဲ့ အထူးလက်ဆောင်တွေ ပါဝင်တဲ့ လက်ဆောင် Box (၁၁၀ ) ကိုလည်း ချစ်တဲ့ ပရိသတ်တွေ ဆီ အရောက်ပေးပို့ခဲ့သလို ဂိမ်း အစီအစဉ်မှာ အနုပညာရှင်တွေနဲ့ အတူ ပျော်ရွှင် စွာ ပါဝင်ခဲ့တဲ့ ပရိသတ် တွေ အတွက်လဲ လက်ဆောင် အထူးဆု ၁၁ သိန်းအပါအဝင် CHERRY FM ရဲ့ အမှတ်တရ လက်ဆောင်များကို အရောက်ပေးပို့ပေးခဲ့ပါတယ် အနယ်နယ်အရပ်ရပ်က CHERRY FM ရဲ့ ပရိသတ်များစွာ က ဖျော်ဖြေတင်ဆက်မှုတွေ နဲ့ Game အစီအစဉ်တွေမှာ ပျော်ရွှင်စွာ ပါဝင် ၊ ဆုတောင်းပေးကြတဲ့ ပရိသတ်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိသလို တစ်ဦးချင်းစီတိုင်းရဲ့ ဆုတောင်းစကားများကိုလည်း မှတ်တမ်းတင်ထားပါတယ်။